Top Ad unit 728 × 90

Description of Image

latest News

recent

Google Pixel ဖုန်းတွင် Google Assistant စနစ်ကို ရယူအသုံးပြုခြင်း

Google Assistant ဆိုတာက   Allo နဲ့ တရားဝင် တွဲဖက်မိတ်ဆက်ခဲ့တဲ့ Google ရဲ့ ကိုယ်ပိုင် AI assistant တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို Pixel ဖုန်း တွေမှာ စတင်ထုတ်လုပ်စဉ်က တည်းက မထည့်သွင်း ပေးထားပါဘူး။

ဒီနေ့အချိန်မှာတော့ နည်းလမ်းများစွာနဲ့ Assistant လုပ် ဆောင်ချက်ကို ရယူအသုံးပြုနိုင်ပါတယ်။ Pixel ဒါမှမဟုတ် Pixel XL ဖုန်းမှာ Google Assistant လုပ်ဆောင်ချက်ကို ရယူဖို့အတွက် Home ခလုတ်ကို အချိန်အနည်းငယ်ကြာကြာ ဖိနှိပ်လိုက်ပါ။ ဒါမှမဟုတ် ကိုယ်က အသံနဲ့ခိုင်းစေတဲ့စနစ်ကို ဖွင့်ထား တယ်ဆိုရင်တော့ "OK Google" ဆိုတာကို ဖုန်းကိုပြော လိုက်ရုံနဲ့ ဒီစနစ်ကို အသုံးပြုနိုင်ပါတယ်။ 


ကိုယ့်အနေနဲ့ ဖုန်းမှာ Google Account ကို ထည့်သွင်းထားပြီးရင်တော့ 
Google Assistant စနစ်ကို setup လုပ်ပြီး သုံးနိုင်မှာပဲ ဖြစ်ပါတယ်။

အရင်ဆုံး Home ခလုတ်ကို အချိန်နည်းနည်းကြာကြာ ဖိထားလိုက်ပြီး 
Google Assistant စနစ်ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ "Meet your personal Google Assistant" စာသားနဲ့ ဖုန်းမြင်ကွင်းပေါ်မှာ
 ပေါ်လာမှာဖြစ်ပြီး  Continue ဆိုတဲ့ စာသားကို ထပ်နှိပ်ပါ။


 နောက်ထပ်ပေါ်လာတဲ့ မြင်ကွင်းမှာ Yes, I'm in ဆိုတဲ့ စာသားကိုနှိပ်ပြီး
 assistant စနစ် အတွက် permissions အတွက် ခွင့်ပြုပေးလိုက်ပါ။

 ဒါဆိုရင်တော့ ဖုန်းမှာ Google Assistant စနစ်ကို ဖုန်းမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ 
 ကိုယ့်အနေနဲ့ အသံစနစ်နဲ့ ခိုင်းစေအသုံး ပြုချင်တယ် ဆိုရင်တော့ "OK Google" ကို
သုံးကြိမ်ဆက်တိုက် ပြောပြီး အသံစနစ်ကို Activate လုပ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်အနေနဲ့ဖုန်းမှာ Google account တစ်ခုထက်မကအသုံး ပြုနေတယ်ဆိုရင်တော့ ကိုယ်သုံးချင်တဲ့ အကောင့်နဲ့ Google Assistant ကို ချိတ်ဆက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Assistant စနစ်က အကောင့်ရဲ့ Gmail, Google Photos နဲ့ အခြား Google ဆားဗစ်တွေဖြစ်တဲ့ ပြက္ခဒိန်စတဲ့ အသေးစိတ် အချက်အလက်တွေကို ရယူအသုံးပြုမှာမို့လို့ ဖြစ်ပါတယ်။ 

တကယ်လို့ ကိုယ်က အကောင့်မှားချိတ်ထားမိတယ် ဆိုရင်တော့ အောက်ပါအတိုင်း အလွယ်တကူ ပြန်လည်ပြောင်းလဲ နိုင်မှာဖြစ်ပါတယ်။

Google Assistant စနစ်ကို အရင်ဆုံးဖွင့်လိုက်ပါ။ ပြီးရင်တော့ 
အစက်သုံးစက်ပုံစံ Menu icon ကို တစ်ချက်နှိပ်ပါ။

 ပြီးရင်တော့  ပေါ်လာတဲ့  အကွက်ထဲက Account ဆိုတာကို ရွေးပါ။

ဒါဆိုရင်တော့ ဖုန်းမှာထည့် သွင်းအသုံးပြုထားတဲ့ Google Account ထဲက 
မိမိသုံးချင်တဲ့ အကောင့်ရွေးပေးလိုက်ပါ။



 ဒါဆိုရင်တော့ Google Assistant အတွက် အကောင့် ရွေးချယ်တာ ပြီးဆုံးပါပြီ။




ရဲထွဋ်ဝင်း


 
Internet Journal




 ဇူးနစ်(နည်းပညာ)






Google Pixel ဖုန်းတွင် Google Assistant စနစ်ကို ရယူအသုံးပြုခြင်း Reviewed by ဇူးနစ် on 12:36 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.