Huawei GR3 TAG-L22 ဖုန်း ဗားရှင်း 5.1 ကို Root လုပ်နည်း
Huawei GR3 TAG-L22 ဖုန်း ဗားရှင်း 5.1 ကို Root လုပ်နည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို ကျနော့်ဆီရောက်လာတော့ FRP Lock ကျပြီးတော့ရောက်လာတယ်
Lock ကျော်လိုက်တယ်၊ Bootloader Unlock ပါ တစ်ခါတည်းလုပ်ပစ်လိုက်တယ်။
ဒီဖုန်းရဲ့ ဗားရှင်းက 5.1 နော် အဲဒါကိုကျနော်က TWRP Recovery သွင်းပြီး
supersu.zip ဖိုင်ဖြင့် Root လုပ်မယ်ပေါ့ဗျာ..အဲဒါနဲ့ Recovery ဖိုင်ကိုလိုက်ရှာတယ်။
xda မှာတော့ တွေ့တယ်ဗျာ ဒါပေမယ့်လည်း Flashing process အောင်မြင်တယ်သာ
ပြပေးနေတာ တကယ်တမ်း Recovery Mode ၀င်ကြည့်လိုက်တော့ stock Recovery ပဲ
ရယ်ပြနေတာ အဟ... ဒီတော့ စိတ်ဝင်စားသွားတယ် ဒီကောင် ဘာကောင်တုန်းကွ...ဆိုပြီးပေါ့

ကျနော် ထည့်တဲ့ နည်းလမ်းများမကျသလားဆိုပြီး သုံးကြိမ် သုံးခါတောင်
မနားတမ်းစမ်းပစ်လိုက်တယ်၊ နည်းလမ်းကလည်း ဒါပဲ TWRP File လည်း
support လုပ်ပေးတယ်ဆိုပြီး xda မှာ Info ပေးထားတယ် ဒါပေမယ့်လည်း
အဆင်မပြေဖူးပေါ့ဗျာ...
နောက်တော့ သဘောပေါက်လိုက်တယ်
Android is crazy
ကဲ Custom Recovery ကို ထည့်သွင်းပြီးမှ Supersu.zip ဖိုင်ဖြင့်
Root လုပ်တဲ့ Method ကြိုက်မိတဲ့ကျနော် အနောက်ခံလိုက်ရတော့
အမြင်ကတာနဲ့ Kingroot.apk လေးနဲ့ တစ်ချက်တည်းကစ်ထည့်လိုက်တယ်
ဟော့ဗျာ... နားအေးသွားတာပဲ 1000% ပေါက်နေပြန်တာ
ဒီဖုန်းများကို Root ဖောက်မယ်ဆိုရင်အောက်ပါ
Kingroot apk လေးဖြင့် တစ်ချက်တည်းနဲ့ဖောက်လိုက်ပါ
ဇူးနစ်(နည်းပညာ)
Huawei GR3 TAG-L22 ဖုန်း ဗားရှင်း 5.1 ကို Root လုပ်နည်း
Reviewed by ဇူးနစ်
on
2:41 PM
Rating:

No comments: