Mac ပေါ်တွင် Desktop Icon များကို ဘယ်လိုဖျောက်မလဲ
Mac Desktop ပေါ်ရှိ Icon တွေကို အသုံးမပြုချင်တဲ့ အခါပဲဖြစ်ဖြစ်၊ မမြင်ချင်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် Desktop ပေါ်ရှိ Icon တွေကို ဖျောက်ချင်တဲ့အခါ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
Desktop ပေါ်ရှိ Icon တွေကိုဖျောက်ဖို့အတွက် Mac ရဲ့ Terminal ကို အသုံးပြုရပါမယ်။
Desktop ပေါ်ရှိ Icon တွေကိုဖျောက်ဖို့အတွက် Mac ရဲ့ Terminal ကို အသုံးပြုရပါမယ်။
Terminal ကို အသုံးပြုဖို့အတွက်ဆိုရင် Command + Space ကို အသုံးပြုပြီး Spotlight ကိုဖွင့်လိုက်ပါ။ ပြီးရင် Terminal ဆိုတဲ့ keyword ကိုရိုက်ထည့်ရပါမယ်။ Terminal ထဲကို ရောက်ပြီဆိုရင် အောက်ဖော်ပြပါ command တွေကိုရိုက်ထည့်ရပါမယ်။
defaults write com.apple.finder CreateDesktop false
killall Finder
ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ အဆိုပါ command ကို အသုံးပြုလိုက်ရင် Desktop ပေါ်က icon တွေကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။
အကယ်၍ icon တွေကို unhide ပြန်လုပ်ချင်တယ်ဆိုရင် အသုံးပြုရမယ့် command ကတော့
defaults write com.apple.finder CreateDesktop true
killall Finder
ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ အဆိုပါ command ကတော့ Desktop ပေါ်မှာ ဝှက်ထားတဲ့ icon တွေကို ပြန်လည် ဖော်ပြပေးမယ့် command ပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ Desktop ပေါ်က icon တွေကို ဝှက်ထားချင်တဲ့သူတွေအတွက် အထက်မှာဖော်ပြထားတဲ့အတိုင်း အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
သီဟ
Internet Journal
Ref:maketecheasier
Mac ပေါ်တွင် Desktop Icon များကို ဘယ်လိုဖျောက်မလဲ
Reviewed by ဇူးနစ်
on
12:04 PM
Rating:

No comments: