Top Ad unit 728 × 90

Description of Image

latest News

recent

Recovery.img ဖိုင်ကို .tar/.tar.md5 အဖြစ်ပြုလုပ်နည်းများ

Recovery.img ဖိုင်ကို .tar/.tar.md5 အဖြစ်ပြုလုပ်နည်းများကို
လေ့လာခါစ ညီအကိုတွေအတွက် နားလည်သလောက် ရေးလိုက်ပါတယ်။

Recovery.img ဖိုင်နဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် ဗဟုသုတတစ်ခုအနေဖြင့် 
အနည်းငယ်ပြောပြချင်ပါတယ်၊ Recovery OS အကြောင်းကိုတော့ အောက်ပါလင့်တွင်
ရှင်းပြထားပြီး ဖြစ်တဲ့အတွက် အသေစစ် အချက်အလက်များကို ၀င်ဖတ်ကြည့်လိုက်ပါ။


 Recovery ဆိုတာဘာလဲ နဲ့ အသုံးများသော Recovery များအကြောင်း


Recovery ဆိုတာနဲ့ Stock Recovery ဖိုင်နဲ့ Custom Recoveries ဖိုင်များကို ဆိုပြီး
အားလုံးလည်း သိပြီဖြစ်ကြမှာပါ၊ အခုတော့ Recovery များ၏ အကြောင်းကိုမပြောတော့ပဲ
အဲဒီ Recovery ဖိုင်၏ သင်္ကေတနဲ့ သူ့ကို Flashable.zip ပြုလုပ်နိုင်တာ .img ဖိုင်ကိုပဲ
.tar အဖြစ် ပြီးတော့ .tar.md5 အဖြစ် ပြုလုပ်နည်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။


 Samsung Firmware.tar.md5 ဖိုင်ကို ဇစ်ဖြည်နည်းပေါင်းနည်းကို
အောက်ပါလင့်တွင် အသေးစိတ်လေ့လာကြည့်နိုင်ပါတယ်




 ဒီနည်းလမ်းသည် Samsung ဖုန်းများအတွက်သာ ရည်ရွယ်ပြီး
ရေးသားထားတာမို့ အခြားသော ဖုန်းအမျိုးအစားများကိုတော့ မရည်ရွယ်ပါ။


Recovery ၏ သင်္ကေတ

Recovery က Stock Recovery ဖိုင်ဆိုရင်တော့ recovery.img ဖိုင်ဖြင့် ရှိနေတတ်ပါတယ်။

အဲဒါကို ဒီအတိုင်းက ရရှိနိုင်ဖို့ မလွယ်ကူပါဘူး Firmware ကို 7.zip စသည့် uppecker များဖြင့်
ဇစ်ဖြည်ပြီးမှ ထွက်လာတဲ့ Data Partitions များတွင် recovey.img ဖိုင်ဖြင့် တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

*** Stock Recovery.img ဖိုင်ထည့်သွင်းနည်း သီးသန့်တင်ပေးမှာပါ***


Recovery က Custom Recovery ဖိုင်ဆိုရင်တော့ အထူးသဖြင့် TWRP Recovery ဆိုရင်တော့
Team Win Recovery Project (Official web) မှ ချပေးလာတဲ့ Recovery ဖိုင်အများစုသည်

အောက်ပါပုံကို ကြည့်လိုက်ပါ

1. Recovery.tar
 
2. recovery.img

 Custom Recovery (TWRP) ထည့်သွင်းနည်းများကိုတော့
အောက်ပါလင့်တွင် အထူးလေ့လာကြည့်ရှုနိုင်ပါတယ်။






 အခုတော့ Custom Recovery (TWRP) အကြောင်းကို အကြမ်းဖြင့် ရှင်းပြပေးပါ့မယ်


 နည်းလမ်းနှစ်မျိုးနဲ့ Recoveries
===================
၁။ အထက်ပါမြင်နေရသည် ပုံစံတွင် Recovery.tar ဖိုင်သည် 
Odin ကနေ Flash ပေးယူနိုင်တဲ့ ဖိုင်အမျိုးအစားဖြစ်ပါတယ်။

 Recovery.tar ဖိုင်ကို အသုံးပြုမယ်ဆိုရင် ဖုန်းမှာ Root access မလိုပဲ TWRP ကို
ထည့်သွင်းပြီးမှ Supersu.zip စသည်ဖြင့် Root access ရယူနိုင်တာပဲဖြစ်ပါတယ်။

 ၂။ Recovery.img ဖိုင်ကို အသုံးပြုမယ်ဆိုရင်တော့ မိမိဖုန်းမှာ
Root ဖောက်ပြီးမှ ထည့်သွင်းရယူနိုင်မယ့် Recovery ဖိုင်ဖြစ်ပါတယ်။


*** Custom Recovery များထည့်သွင်းနည်းကို ထပ်တင်ပေးဦးမှာပါ***



Recovery.img ဖိုင်ကို .tar ဖိုင်အဖြစ်ပြောင်နည်း


၁။ tar ဖိုင်အဖြစ်ပြောင်းလဲမယ်ဆိုရင်တော့ နည်းလမ်းနှစ်မျိုးဖြင့် ပြောင်းလဲနိုင်ပါတယ်
ပထမ နည်းလမ်းကတော့ Peazip ဆော့ဝဲကိုဖြင့် ပြုလုပ်နိုင်ပါတယ်။

၂။ ဒုတယိနည်းလမ်းကတော့ cygwin ကိုအသုံးပြုပြီး သူ့အထဲပါဝင်နေတဲ့
 bin Folder ထဲမှာ Recovery.img ဖိုင်ကို ထည့်သွင်းပြီး ADB Command များဖြင့်
အလွယ်တကူ ပြောင်းလဲရယူနိုင်မှာပဲဖြစ်ပါတယ်။


 Peazip ဖြင့် tar ပြုလုပ်နည်း

မိမိဒေါင်းလော့ရယူလိုက်တဲ့ recovery ဖိုင်က img ဖိုင်သာရှိတယ် ဆိုရင်တော့
Odin ကနေ Flash လုပ်ယူနိုင်အောင် .tar ဖိုင်အဖြစ် ပြောင်းလဲရယူနိုင်ပါတယ်။

Firmware ကို ဇစ်ဖြည်လိုက်လို့ ထွက်လာတဲ့ Partitions တွေထဲမှ Recovery.img ဖိုင်
သို့မဟုတ် ဒေါင်းလော့ရယူထားတဲ့ img ဖိုင်များကို Right Click တစ်ချက်ထောက်ပြီး
 Peazip ဆော့ဝဲဖြင့် tar ဖိုင်အဖြစ်ဖန်တီးနိုင်ပါတယ်။

၁။ Recovery.img ဖိုင်ပေါ်မှာ Right Click တစ်ချက်ထောက်ပြီး
PeaZip >>Add to archive ဆိုပြီးနှိပ်လိုက်ပါ။

၂။ Output နေရာတွင် ပြလုပ်ပြီးတဲ့ recovery.tar ဖိုင်ရောက်ရှိသွားမယ့်
နေရာကို ညွှန်ပေးရမှာပဲဖြစ်ပါတယ်၊ (Auto Folder-သို့ရောက်လေ့ရှိပါတယ်)

နံပါတ်နှစ် နေရာတွင် Tar ဆိုပြီး ပြောင်းပေးလိုက်ပါ။

အားလုံးပြီးရင် OK ကိုဆက်နှိပ်ပေးလိုက်ပါ။


 ၃။ အောက်ပါပုံအတိုင်း စက္ကန့်အတွင်းမှာ recovery.tar (zip) အဖြစ်
ပြောင်းလဲသွားပါလိမ့်မယ်၊ Odin ကနေ Flash ပေးဖို့အသင့်ဖြစ်နေပါလိမ့်မယ်။


 Odin PAD/AP နေရာတွင်

မိမိပြုလုပ်လုပ်တဲ့ recovery.img ဖိုင်က recovery.tar (zip) ဖိုင်
ဖြစ်သွားတဲ့အခါ Odin ကိုဖွင့်ပြီး PDA/AP နေရာတွင် ထည့်သွင်းပြီး
သက်ဆိုင်ရာ ဖုန်းကို TWRP Recovery ထည့်သွင်းနိုင်ပါပြီ။


 မှတ်ချက်

အထက်ပါ အတိုင်း recovery.img ဖိုင်ကို tar ဖိုင်အဖြစ်ပြောင်းလဲရာတွင်
အချို့သော ကွန်ပျူတာများတွင် 7.zip ဖြင့် အဆင်ပြေပေမယ့်လည်း

အချို့သော ကွန်ပျူတာများတွင် အထက်ပါနည်းလမ်းကို 7.zip ဖြင့် အဆင်မပြေပါ။


ADB Command ဖြင့်ပြောင်းလဲနည်း

၁။ မိမိကွန်ပျူတာမှာ cygwin ဆော့ဝဲကိုအသုံးပြုထားတယ်ဆိုရင်တော့
recovery.img ဖိုင်ကို C:\cygwin\bin ထဲကို copy & paste ပြုလုပ်လိုက်ပါ


၂။ bin Folder ထဲတွင် အလွတ်တစ်နေရာတွင် ကွန်ပျူတာမှ Shift + ကိုနှိပ်ပြီး
Right Click တစ်ချက်ထောက် Open Command window here ဆိုပြီးဖွင့်လိုက်ပါ။


 ၃။ Command Prompt ပွင့်လာတဲ့ အောက်ပါ
Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။


tar -H ustar -c recovery.img >recovery.tar



 ၄။ ကွန်ပျူတာမှာ Enter ကိုကီးကိုခေါက်လိုက်တာနဲ့ Command ဖိုင်နဲ့
Recovery သာအမှန်ဆိုရင်တော့ ချက်ချင်းဆိုသလို Recovery.tar အဖြစ်
ပြောင်းလဲသွားမှာ ဖြစ်ပါတယ် အောက်ပါပုံကို ကြည့်လိုက်ပါ။

zip ဖိုင်ဖြင့်မြင်နေရရင်တော့ .tar ဖိုင်လေးတည်ဆောက်ပြီးပါပြီ


 Odin PAD/AP နေရာတွင်

မိမိပြုလုပ်လုပ်တဲ့ recovery.img ဖိုင်က recovery.tar (zip) ဖိုင်
ဖြစ်သွားတဲ့အခါ Odin ကိုဖွင့်ပြီး PDA/AP နေရာတွင် ထည့်သွင်းပြီး
သက်ဆိုင်ရာ ဖုန်းကို TWRP Recovery ထည့်သွင်းနိုင်ပါပြီ။




 မှတ်ချက်

တကယ်လို့ boot.img, system.img, recovery.img ဖိုင်များကို တစ်ခါတည်း
tar ဖိုင်အဖြစ်တည်ဆောက်ချင်တယ်ဆိုရင်တော့ အောက်ပါ command ကိုအသုံးပြုရပါမယ်။


tar -H ustar -c boot.img system.img recovery.img.tar


***Boot.img ဖိုင်ကို tar အဖြစ်ပြောင်းနည်းကို သီးသန့်တင်ပေးမှာပါ***

***System.img ဖိုင်ကို tar အဖြစ်ပြောင်းနည်းကို သီးသန့်တင်ပေးမှာပါ***



ဖုန်း Model ကိုတိုက်ရိုက်ညွှန်းမယ်ဆိုရင်တော့ အောက်ပါအတိုင်း သုံးပါ

tar -H ustar -c boot.img system.img recovery.img >J700F.tar



 tar ဖိုင်ကို md5 ဖိုင်ပြောင်းလဲနည်း

Recovery.img ဖိုင်ကို recovery.tar ဖိုင်ပြုလုပ်ပြီးရင်တော့ အဲဒီ
recovery.tar ဖိုင်ကို recovery.tar.md5 ဖိုင်အဖြစ်ပြောင်းလဲနိုင်ပါသေးတယ်။

ဒီအတွက် အခက်ကြီးမဟုတ်တော့ပါ သဘောတရားကတော့

၁။ Recovery.img ဖိုင်ကို recovery.tar ဖိုင်အဖြစ် အရင်ပြောင်းလဲရပါမယ်

၂။  အဲဒီ recovery.tar ဖိုင်ကို recovery.tar.md5 အဖြစ်ပြောင်းပေးရမယ်။


tar. ဖိုင်အဖြစ်ပြောင်းနည်းကို အထက်မှာရှင်းပြထားပြီးဖြစ်ပါတယ်

recovery.img ဖိုင်ကို C:\cygwin\bin ထဲကို copy & paste ပြုလုပ်လိုက်ပါ

bin Folder ထဲတွင် အလွတ်တစ်နေရာတွင် ကွန်ပျူတာမှ Shift + ကိုနှိပ်ပြီး
Right Click တစ်ချက်ထောက် Open Command window here ဆိုပြီးဖွင့်လိုက်ပါ

Command Prompt ပွင့်လာတဲ့ အောက်ပါ
Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။


tar -H ustar -c recovery.img >recovery.tar


recovery.tar ဖိုင်အဖြစ်ပြောင်းလဲပြီးတဲ့အခါ အောက်ပါ
Command ကိုဆက်ပြီးရိုက်ထည့်ပေးလိုက်ပါ

md5sum -t recovery.tar >> recovery.tar


 .tar ဖိုင်ကို recovery.tar.md5 ဖိုင်အဖြစ်ပြောင်းရန်အတွက်
အောက်ပါ Command ကိုထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

 mv recovery.tar recovery.tar.md5


 အထက်ပါ Command များ ပြီးဆုံးလို့ အမှားမရှိရင်တော့ အောက်ပါပုံအတိုင်း
recovery.img ဖိုင်က recovery.tar ဖြစ်သွားပါလိမ့်မယ်၊ ပြီးရင် အဲဒီ recovery.tar ဖိုင်ကို
recovery.tar.md5 ဖိုင်အဖြစ်ပြောင်းလိုက်တဲ့အခါ Odin ကနေ Flash လုပ်ယူနိုင်တဲ့
recovery.tar.md5 အဖြစ်ပြောင်းသွားပါလိမ့်မယ်။


 Odin PAD/AP နေရာတွင်

မိမိပြုလုပ်လုပ်တဲ့ recovery.img ဖိုင်က recovery.tar (zip) ဖိုင်
ဖြစ်သွားတဲ့အခါ Odin ကိုဖွင့်ပြီး PDA/AP နေရာတွင် ထည့်သွင်းပြီး
သက်ဆိုင်ရာ ဖုန်းကို TWRP Recovery ထည့်သွင်းနိုင်ပါပြီ။

Odin >>PDA/AP>>C:\cygwin\bin>>recovery.tar.md5 ဖိုင်


 အောက်ပါပုံမှာတော့ recovery.tar.md5 ဖိုင်ကို odin ကနေ
သက်ဆိုင်ရာဖုန်းကို အလွယ်တကူ Flash ပြုလုပ်ရယူနိုင်ပါပြီ။


မှတ်ချက်

အထက်ပါ နည်းလမ်းများသည် Samsung Devices များအားလုံးမှာ
အဆင်ပြေပါသည် အထူးသဖြင့် Samsung Firmware ထဲတွင်ပါဝင်နေသည့်
stock recovery.img ဖိုင်ကို recovery.tar ဖိုင်အဖြစ်ပြောင်းလဲနည်းနဲ့
recovery.tar ဖိုင်ကို recovery.tar.md5 ဖိုင်အဖြစ်ပြောင်းလဲနည်းပဲဖြစ်ပါတယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်




ဇူးနစ်(နည်းပညာ)


www.zunite.org




Recovery.img ဖိုင်ကို .tar/.tar.md5 အဖြစ်ပြုလုပ်နည်းများ Reviewed by ဇူးနစ် on 7:36 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.