Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Firmware tar.md5 ဖိုင်ကို ဖြည်နည်းနှင့် ပြန်ပေါင်းနည်း 100% နှုန်း

Samsung Firmware များတွင် Old Model များအတွက် လာသည့် Firmware များ၏
သင်္ကေတာကို tar.md5 ဖိုင်ဖြင့် တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်၊ အဲဒီ tar.md5 ဖိုင်များကို
တစ်စစီ ဇစ်ဖြည်နိုင်သလို ဇစ်ဖြည်ထားတဲ့ ဖိုင်များကိုလည်း ပြန်လည်း ပေါင်းယူနိုင်ပါတယ်။

အဲဒီ .tar md5 ဖိုင့်ဖြင့် လာသည့် Firmware ကို အများစုက only tar ဖိုင် firmware ဆိုပြီး
သုံးနှုန်းကြပါတယ်၊ အဲဒီ tar.md5 ဖိုင်ကို ဇစ်ဖြည်ပြီး ပြန်ပေါင်းနိုင်တဲ့ ဆော့ဝဲက နှစ်ခုရှိပါတယ်
အဲဒါကတော့ ကွန်ပျူတာတွင် အသုံးများတဲ့ အားလုံးသိတဲ့ 7.zip နဲ့ PeaZip တွေပဲဖြစ်ပါတယ်။


ဒီနည်းလမ်းက ပိုကောင်းသွားအောင်လို့ စမ်းသပ်အောင်ပြီးမှ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်
အချို့သော ကွန်ပျူတာများတွင်တော့ 7.zip တစ်ခုတည်းဖြင့် ဇစ်ဖြည်နိုင် ပြန်လည်ပေါင်းနိုင်ပါတယ်။

အချို့သော ကွန်ပျူတာများတွင်တော့ သက်ဆိုင်ရာ .img ဖိုင်ကို 7.zip ဖြင့် add to archive ဆိုပြီး
ပြန်ပေါင်းဖို့ လုပ်တဲ့အခါ Incorrect Commnad Line ဆိုပြီး ပြသနာအချို့ ဖြစ်တတ်ပါတယ်။

အဆိုပါ Error မျိုးရှိတဲ့ ညီအကိုများအတွက် ယခုဖေါ်ပြပါ ဆော့ဝဲများနဲ့ နည်းလမ်းက
 လုံးဝသေချာပါတယ် အကောင်းဆုံးနည်းနဲ့ အတိကျဆုံးဖြစ်သွားပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ tar.md5 ဖိုင်ကို ဇစ်ဖြည်လိုက်လို့ ထွက်လာတဲ့ Data Partitions များတွင်
system.img, boot.img,recovery.img အစရှိတဲ့ ဖိုင်များပါဝင်ကြပါတယ်။

အဲဒီ .img ဖိုင်များတွင် တစ်ဖိုင်ချင်းစီကို .tar file အဖြစ် archive လုပ်နိုင်သလို ဖိုင်အားလုံးကို 
select မှတ်ပြီး Peazip ဆော့ဝဲဖြင့် တစ်ခါတည်း တစ်ပေါင်းတည်း archive ပြန်လည်ပေါင်းပြီး 
ပုံမှန် Firmware.tar.md5 ဖိုင်အဖြစ် ဖိုင် Size အမှန်ဖြင့် ပြုလုပ်ရယူနိုင်မှာပဲဖြစ်ပါတယ်။

ဒါပေမယ့် 7.zip ဖြင့်လည်း ဇစ်ဖြည်နည်း ဖိုင်များကို ပြန်လည်ပေါင်း
နည်းများကိုပါ တစ်ပါတည်း တွဲပြီး တင်ပေးလိုက်ပါတယ်။


ဆော့ဝဲများနဲ့ ကွဲပြားချက်
==============
၁။ 7.zip က tar.md5 ဖိုင်ကို ဇစ်ဖြည် ပေါင်းတဲ့ဆော့ဝဲ

၂။ Peazip က tar.md5 ဖိုင်ကို ဇစ်ပြန်ပေါင်းတဲ့ဆော့ဝဲ

ဇစ်ဖြည်ထားတဲ့ Partitions Files များကို ပြန်ပေါင်းတဲ့ဆော့ဝဲ

(မှတ်ချက်) Peazip ဆော့ဝဲက Data Paritios ဖိုင်များတွင် system.img ဖိုင်အစရှိတဲ့
ဖိုင်တစ်ခုချင်းစီများကို Archive ပြုလုပ်နိုင်တဲ့ တကယ့်အသုံးတည့်တဲ့ဆော့ဝဲပဲဖြစ်ပါတယ်။

ပြီးတော့ system.img, boot.img,recovery.img အစရှိတဲ့ ဖိုင်များကိုလည်း
.tar ဖိုင်အဖြစ် အလွယ်တကူ ဖန်တီးယူနိုင်တဲ့ ဆော့ဝဲကောင်းဖြစ်ပါတယ်။

Firmware tar.md5 ဖိုင်ကို ဇစ်ဖြည်နိုင်တဲ့ အခြားသော Unpecker များလည်းရှိနိုင်ပါတယ်
ပြီးတော့ ဇစ်ဖြည်ထားတဲ့ ဖိုင်တွေကိုလည်း ပြန်ပေါင်းတဲ့ repecker များလည်းရှိနိုင်ပါတယ်။


အဲဒီဆော့ဝဲတွေထက် ဖေါ်ပြပါ 7.zip & Peazip များက လွယ်လွင့်တကူ
ကွန်ပျူတာတွင် အရေးပေါ် အသုံးပြုရနိုင်တာကြောင့် ဒီနည်းကို ညွှန်ပေးခြင်းဖြစ်ပါတယ်။


 ဇစ် ဘာကြောင့်ဖြည်ရတာလဲ?

လိုအပ်မယ်ထင်လို့ ထည့်ရေးလိုက်တာပါ လေ့လာခါစ ညီအကိုတွေအတွက်ပါ
ဇစ်ဖြည်တယ်ဆိုတာကိုတော့ သိပြီဖြစ်ပါလိမ့်မယ်၊ Firmware File ဇစ်ဖြည်ရတဲ့
အကြောင်းရင်းတွေရှိပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက်တော့ တူကြမှာမဟုတ်ပါဘူး

ဘာကြောင့်လဲဆိုတော့ မိမိဖုန်းမှာ တက်နေတဲ့ Error အပေါ်မူတည်ပြီး Solution တွေကို ဖြေရှင်းကြဖို့
Firmware ထဲမှာပါဝင်နေသည့် Partitions များကို Modify လုပ်ရန်အတွက် ဇစ်ဖြည်ကြတာပဲဖြစ်ပါတယ်။


ဇစ်ဖြည်ရသည့်အကြောင်းအရာများ

၁။ System.img တွင်ပါဝင်နေသည့် File တစ်ခုခုကို Modify ပြုလုပ်ဖို့ရန်။

၂။ Stock recovery.img ဖိုင်ကို Modify ပြုလုပ်ဖို့ရန်။

၃။ Boot.img ဖိုင်ကို Modify ပြုလုပ်ဖို့ရန်။

၎။ Hidden.img ဖိုင်ကို Modify ပြုလုပ်ဖို့ရန်။

၅။ boot.img,system.img,recovery.img ဖိုင်များကို Modify ပြုလုပ်ဖို့ရန်။



 Download Here 7-Zip For Windwos



 Download Here PeaZip for Windows



7.zip ဖြင့် tar.md5 ဖိုင်ကို ဇစ်ဖြည်နည်း

၁။ မိမိ ဇစ်ဖြည်လိုတဲ့ Firmware ဖိုင်ကို စစ်ဆေးကြည့်လိုက်ပါ
အောက်ပါပုံအတိုင်း .tar ဖိုင့်ဖြင့် ဖြစ်နေရပါမည်။

၂။ Firmware File ပေါ်မှာ Right Click တစ်ချက်ထောက်ပြီး
7-Zip >>>Extract Here ဆိုတာကို နှိပ်လိုက်ပါ။


၃။ အောက်ပါပုံအတိုင်း ဇစ်ဖြည်နေတုန်း စောင့်နေလိုက်ပါ။


၎။ ဇစ်ဖြည်ပြီးရင် Close ကိုနှိပ်လိုက်ပါ။


၅။ အောက်ပါပုံအတိုင်း Firmware ထဲမှာပါသည့်
Data Partitions များကို တစ်ခုချင်းစီ မြင်တွေ့ရပါလိမ့်မယ်။



ဇစ်ပြန်ပေါင်းနည်း

၁။ တစ်စီ ဇစ်ဖြည်ထားတဲ့ Files များကို Firmware File အဖြစ် ပြန်ပေါင်းမယ်ဆိုရင်တော့
အောက်ပါပုံအတိုင်း Files အားလုံးကို Select မှတ်လိုက်ပါ၊ Right Click တစ်ချက်ထောက်ပြီး
7-Zip >> Add to archive... ဆိုတာကို နှိပ်လိုက်ပါ။



၂။ Archive format: နေရာတွင် tar ဆိုတာကိုထားပေးပါ။


၃။ အောက်ပါပုံအတိုင်း ဖိုင်များကို ဇစ်ပြန်ပေါင်းနေတုန်း ပြီးအောင်စောင့်ပါ။



၎။ ဇစ်ပေါင်းလို့ ပြီးသွားတဲ့အခါ အောက်ပါပုံအတိုင်း Firmwar File က ပုံမှန်အတိုင်း
Model No, Based Number များဖြင့် ဖိုင် Size အမှန်ဖြင့် မြင်နေရပါလိမ့်မယ်။


မှတ်ချက်...။ အထက်ပါ နည်းလမ်းသည် 7-Zip ဆော့ဝဲကိုအသုံးပြုပြီး
Samsung Firmware.tar.md5 ဖိုင်ကို ဇစ်ဖြည်နည်း ပြန်ပေါင်းနည်းဖြစ်ပါတယ်။


Peazip ဖြင့် ဖိုင်များပြန်ပေါင်းနည်း

Firmware File ကို ဇစ်ဖြည်ထားတဲ့ Data Partitions များကို
Peazip ဖြင့်ပေါင်းနည်းကို အောက်ပါအတိုင်း လေ့လာကြည့်လိုက်ပါ။

၁။ အောက်ပါပုံအတိုင်း ဇစ်ဖြည်ထားတဲ့ Files များကို Select မှတ်ပြီး
Right Click တစ်ချက်ထောက်ပြီး PeaZip >> Add to archive ကိုနှိပ်ပါ။


၂။ အနီရောင်ဖြင့် ၀ိုင်းပြားထားသည့်နေရာတွင်
tar ဆိုပြီးပြောင်းပေးပြီး OK ကိုဆက်နှိပ်ပေးလိုက်ပါ။



၃။ အောက်ပါပုံအတိုင်း Creating tar ပြုလုပ်နေတုန်းပြီးအောင်စောင့်ပါ။


၎။ အချိန် အနည်းငယ်ကြပြီးတဲ့နဲ့ Files အားလုံးကို ဇစ်ပြန်ပေါင်းပြီးပါပြီ။


၅။ ဇစ်ပြန်ပေါင်းပြီးတဲ့ Firmware ကို Right Click တစ်ချက်ထောက်ပြီး
Rename ကိုနှိပ်ပြီးကြည့်လိုက်ပါ .tar.md5 ဖိုင်အဖြစ် မြင်နေရပါလိမ့်မယ်။


မှတ်ချက်
 ========
အထက်ပါ နည်းလမ်းများသည် 7-Zip & Peazip ဆော့ဝဲများကို အသုံးပြုပြီး
Firmware Flie ကို ဇစ်ဖြည်ပြီး ပေါင်းနည်းများတွင် အချို့သော ကွန်ပျူတာများတွင်
အဆင်မပြေမှုများ ဖြစ်တတ်ပါတယ်၊ အကောင်းဆုံး နည်းလမ်းကို အလွယ်မှတ်သားလိုက်ပါ။

၁။ 7-Zip ဖြင့် Firmware File ကို ဇစ်ဖြည်ပါ။



၂။ Peazip ဖြင့် Files များကို ဇစ်ပြန်ပေါင်းပါ။


အထက်ပါ နည်းလမ်းအတိုင်း 7-Zip ဖြင့် Firmware File ကို ဇစ်ဖြည်ပြီး
Peazip ဖြင့် Files များကို ဇစ်ပြန်ပေါင်းခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။


Boot.img, System.img, recovery.img ဖိုင်များကို
tar ဖိုင်အဖြစ် ပြုလုပ်နည်းကို ဆက်လက် တင်ပေးဦးမှာပါ


အားလုံးကို ကျေးဇူးတင်ပါတယ်



ဇူးနစ်(နည်းပညာ)



www.zunite.org



Samsung Firmware tar.md5 ဖိုင်ကို ဖြည်နည်းနှင့် ပြန်ပေါင်းနည်း 100% နှုန်း Reviewed by ဇူးနစ် on 9:12 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.