Top Ad unit 728 × 90

Description of Image

latest News

recent

ဇူးနစ်(နည်းပညာ) မိုဘိုင်းဖုန်းပြုပြင်နည်း အတတ်သင် ရန်ကုန်သင်တန်းဖွင့်ပြီ

အားလုံးပဲမင်္ဂလာပါခင်ဗျား...
အားလုံးစောင့်စားနေကြတဲ့ ဇူးနစ်(နည်းပညာ) မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကို 
Myanmar Region တွင် အားလုံးအတွက် အဆင်ပြေမယ့် ရန်ကုန်မြို့တွင် ဖွင့်လှစ်ပြီဖြစ်ပါတယ်။

ပညာရေးသည် လူတိုင်းအတွက်ဖြစ်စေရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ခိုင်မှာစွာ 
ဖွင့်လှစ် ထားသော ဇူးနစ်(နည်းပညာ) မိုဘိုင်းဖုန်းပြုပြင်နည်း သင်တန်းတွင်
ကိုယ်ပိုင် ဖုန်းဆိုင်ဖွင့်မည့်သူများနှင့်၊ ဖုန်းဆိုင်တွင် ၀င်ရောက်လုပ်ကိုင်မည့်သူများ 
အားလုံးလွယ်ကူစွာဖြင့် လေ့လာ သင်ယူနိုင်အောင် ရန်ကုန်မြို့တွင် ခိုင်မာစွာ
ဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်။

ဖုန်းအကြောင်းလေ့လာပြီဟေ့ဆိုရင်တော့ ကွန်ပျူတာ အခြေခံတတ်ထားဖို့လိုအပ်ပါတယ်၊ 
ဒါပေမယ့် လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ဘူးပေါ့၊ ဒီအတွက် ပညာအရည်အချင်းကို တွေးပူစရာမလိုပါ၊ သင်တန်းတွင် ကျွန်ပျူတာ အခြေခံများကိုလည်း တတ်ကျွမ်းလာအောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်ယူတတ်မြောက်လိုတဲ့ စိတ်သာရှိဖို့လိုပါတယ်၊ မသေးသ၍ ဘာမဆို ဖြစ်နိုင်ပါသေးတယ်...

တစ်ချို့လူငယ်တွေက နည်းပညာဆိုတာကိုကြောက်ကြတယ် 

အားငယ်ကြတယ်၊ ပညာမမတ်တဲ့သူတွေ လုပ်လို့မရဘူးထင်ကြတယ် 

တကယ့်တော့ အဲဒီ ideology က ကြိုးစားလိုစိတ်ရှိသူ လူငယ်တွေအတွက်
fear & worry လို့ခေါ်တဲ့ စိုးရိမ် ပူပန်မှု အတွက်ပဲ ဖြစ်ပေါ်စေတဲ့ အတွေးတွေပါပဲ

အဲဒီ fear & worry ကို ပယ်ဖျောက်ပစ်ဖို့ (သို့) မှားယွင်းနေတဲ့ ideology ကို
Revolution လုပ်ပြီး ပညာမတတ်လည်း နည်းပညာဆိုတာ လူတိုင်းအတွက်ပဲဆိုတာ ယုံကြည်ထားဖို့လိုပါတယ်။

Short time Training Class ဆိုပေမယ့် အတတ်သင် သင်တန်းကျောင်းဖြစ်လို့ သင်တန်းချိန်သာမှန်အောင်လာပါ မတတ်မချင်း တတ်ရောက်သင်ယူနိုင်ပါတယ်။
-------------------------------------


အတွေ့အကြုံရှိ သင်တန်းဆရာများမှ စာတွေ့လက်တွေ့သင်ကြားပေး မှာဖြစ်ပါတယ်၊

1. 8 .2017 မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်

တနင်္လာ မှ စနေနေ့ အထိ တစ်ပတ် ၆ ရက်

တက်ရောက်ရမဲ့ သင်တန်းဖြစ်ပါတယ်

Software Course & Hardware Course ရှိပါတယ်

မိမိနှစ်သက်ရာ Course ကိုရွေးချယ်တက်ရောက်နိုင်ပါတယ်


Software Course (၁) သိန်းငါးသောင်း


Hardware Course (၂) သိန်း


Course နှစ်ခုလုံးတက်ပါက ၃ သိန်း ငါးသောင်းပါ

Up to 30% Discount (10 Persons) 


သင်တန်းသားဦးရေ ကန့်သန့်ချက် ရှိပါတယ်

သင်တန်းကာလ Uniform များနဲ့ စာရွက်စာတန်း Students Handbook
သင်တန်းပြီး HD 3TB (Firmware & Tools Data) များကိုလည်း
အခမဲ့ပေးသွားမှာဖြစ်ပါတယ်။


နယ်မှ သင်တန်းသားများအတွက် အဆောင်စီစဉ်ပေးပါတယ်
အထူးအနေဖြင့် ဇူးနစ်(နည်းပညာ) သင်တန်းတွင်
မသန်စွမ်းသူတွေ အတွက် ပညာဒါန အနေဖြင့် တက်ရောက်နိုင်ပါတယ်
သူတို့တွေအားလုံးဟာ ... တူညီသော ခံယူချက်ရှိကြတာမို့
မသန်သော်ငြားလည်း စွမ်းကြပါတယ်...


Mobile Software Technical Android Course
===============================
(၁) Android အကြောင်းအရင်းဆုံးလေ့လာရပါမယ်

(၂) ADB Command တွေလေ့လာကြရပါမယ်

(၃) Android partitions တွေကို ADB Command ကနေ 
Backup & Restore ပြုလုပ်နည်းကို လေ့လာရပါမယ်

(၄) Android ဖုန်းတွေအတွက် မြန်မာစာထည့်သွင်းနည်း အမျိုးမျိုးကို ADB Command များဖြင့် 
Android 2.1 ကနေ 7.1 အထိ မြန်မာစာထည့်သွင်းနည်းများကို လေ့လာရပါမယ်

(၅) Phone Brands (CPC) အမျိုးစားအလိုက် 
Bootloader Unlock ပြုလုပ်နည်းတွေကို လေ့လာရပါမယ်

(၆) MTK, SPD အစရှိသည့် CPU အမျိုးမျိုးကို
 Firmware Backup & Restore ပြုလုပ်နည်းအမျိုးမျိုးကို လေ့လာရပါမယ်

(၇) ဖုန်းအမျိုးမျိုး Network Error အတွက် ဖြစ်တတ်တဲ့ IMEI ပျောက်ခြင်းကို 
Error Fixing နည်းများကို CPU အလိုက် လေ့လာရပါမယ်

(၈) နာမည်ကြီး လူကြိုက်များတဲ့ Samsung, Sony, Xiaomi, အစရှိတဲ့ ဖုန်းအမျိုးမျိုးရဲ့ 
System Info အလိုက် Firmware ရေးသားနည်း အမျိုးမျိုးကို လေ့လာရပါမယ်

(၉) ဖုန်းအမျိုးမျိုးကို Systematical ကျကျ Root ပြုလုပ်နည်းများကို လေ့လာရပါမယ်

(၁၀) Qualcomm Imei ပြန်လည်ရေးသားခြင်း , Qcn Backup & Restore, 
Block Channing အစရှိတာတွေကို လေ့လာကြရပါမယ်

(၁၁) MTK, SPD Device များအတွက် Imei Repair ပြုလုပ်နည်းများနဲ့ 
Nvram back up & restore ပြုလုပ်နည်းများကိုပါ လေ့လာရပါမယ်

(၁၂) Samsung ဖုန်းများနဲ့ အခြားသောဖုန်းများအတွက် 
FRP Unlock Latest Version Bypass ပြုလုပ်နည်းတွေကို လေ့လာရပါမယ်

(၁၂) မြန်မာပြည်သား အသုံးအများဆုံး Xiamoi ဖုန်းအမျိုးမျိုးအတွက် 
Firmware Repair ပြုလုပ်နည်းနဲ့ Mi Account, Password Bypass ပြုလုပ်
နည်းတွေကိုပါ လေ့လာရပါမယ်

(၁၃) မြန်မာပြည် ဖုန်းလောကတွင် မသိမဖြစ် မတတ်မဖြစ်တဲ့ 

(က) Qualcomm 9008 မှ Board Firmware ရေးသားနည်း

(ခ) Qualcomm 9006 မှ Block 0 Firmware ရေးသားနည်း

(ဂ) Qualcomm 9008 မှ Factory Firmware Backup ထုတ်ယူနည်း

(ဃ) HiSilicon Board Firmware ရေးသားနည်းနှင့်, Network Unlock ပြုလုပ်နည်း

(င) Box များအသုံးပြုနည်းနှင့် နာမည်ကြီး Dongle များ၏
အသုံးပြုနည်းများ ကိုပါ လေ့လာရပါမယ်


Mobile Software Technical iOS Course
=============================
(၁) iOS Tip & Tricks (iDevice ရဲ့အခြေခံသဘောတရားများနဲ့ 
General Knowledge ကိုအရင်ဆုံးလေ့လာရပါမယ်။

(၂) Firmware Upgrade/Downgrade (iPhone, iPad များကို Firmware Restore 
 ပြုလုပ်နည်းများနဲ့ Firmware Upgrade ဗားရှင်းမြှင့်နည်းများကိုလေ့လာရပါမယ်

(၃) Using iTunes & Apple ID (ကွန်ပျူတာ OS တွင် iTunes ကိုအသုံးပြုနည်းနဲ့ 
Apple ID ၏ Value & Tip & Tricks များကိုလေ့လာရပါမယ်

(၄) Creating Apple ID on device or with iTunes
 (Apple ID ကို iTunes ဖြင့် ဖွင့်နည်းနှင့် iPhone, iPad Devices များမှာတွင် အလွယ်တကူဖွင့်နည်းများကိုလေ့လာရပါမယ်

(၅) Using iOS Third Party Tools (WinSCP, Tenorshare Reiboot အစရှိတဲ့ 
မရှိမဖြစ် မသုံးမဖြစ်တဲ့ Third Party Tools များနဲ့ အသုံးပြုနည်းများကို လေ့လာရပါမယ်

(၆) Using iCloud on device detail (iCloud ၏ General Knowledge များနဲ့ 
Private Security အကြောင်းအရာများကို လေ့လာရပါမယ် 

(၇) Jailbreaking & Cydia (မြန်မာစာဖောင့်အတွက် အခက်ရှိတဲ့ 
iPhone, iPad Devices များကို အလွယ်တကူ Jailbreakပြုလုပ်နည်းလေ့လာရပါမယ်

(၈) Cydia Sources, Cydia Tweak (Jailbreak ပြုလုပ်ပြီး Device ကို 
Cydida Sources များနဲ့ Tweak များအသုံးပြုနည်းများကို လေ့လာရပါမယ်

(၉) Network Unlocking & Passcode Disable (Passcode Lock ကျခြင်းများကို 
Bypass ပြုလုပ်နည်းနဲ့ Network Unlock ပြုလုပ်နည်းများကို လေ့လာရပါမယ်

(၁၀) Bypass Activation Lock for iPhone/iPad (Smart Phone လောကတွင် 
Security ပိုင်းဆိုင်ရာ the best of the best သို့မဟုတ် Owner တစ်ယောက်အတွက် 
Producer များမှ Provide ပြုလုပ်ပေးထားတာကတော့ နောက်ဆုံး iCloud နဲ့ ဖုန်း System ပိုင်း Activation Lock ချထားခြင်းပါပဲ အဲဒီ Activation Lock ၏ General Knowledge များနဲ့ 
Bypass way များကို လေ့လာရပါမယ်

(၁၁) Fixing errors and solution methods (အခြားသော iOS တွင်
အဖြစ်များသည့် Error ဖြေရှင်းနည်းများကို လေ့လာရပါမယ်


Mobile Hardware Technical Course
=======================
ဖုန်းပြုပြင်နည်းကို အထူးလေ့လာသင်ယူလိုကြတဲ့ သူတွေအတွက် Mobile ဖုန်းပြုပြင်ခြင်းကို
 စာတွေ့ လက်တွေ့အားဖြင့် အပိုင်းနှစ်ပိုင်းဖြင့်သင်ကြားပေးပါသည်။

စာတွေ့ပိုင်း
========
စာတွေ့ ပိုင်းတွင် Electronic အခြေခံပစ္စည်းများဖြစ်သော
Capacitor,Resistor,Diode,Transistor,coil, Fuse,Crystal,FET တို့၏
တခုခုခြင်းစီအလုပ်လုပ်ပုံကို Handout paper များဖြင့် သင်ကြားပေးပါသည်။

Mobile Phone Circuit Board ပေါ်ရှိ Components
များကိုကောင်း မကောင်းစစ်ဆေးတတ်စေရန်နှင့် Ground ရှာခြင်း၊
ပတ်လမ်းများရှာဖွေတတ်စေရန် Multi Analog Meter, Digital Meter များ
အသုံးပြုနည်းကို အသေးစိတ်သင်ကြားပေးပါသည်။

Circuit board ပေါ်ရှိပြစ်ချက်ကို အတိကျရှာဖွေတတ်စေရန် Schematic
Diagram, Layout Diagram များကို circuit board စုံလင်စွာဖြင့်သင်ကြားပေးပါသည်။

Technical တစ်ယောက်အနေဖြင့် လိုအပ်မယ့် ဖုန်းများ၏
လုပ်ဆောင်ချက်များကိုပိုင်နိုင်အောင်သင်ကြားပေးပါသည်။


လက်တွေ့ပိုင်း
=========
လက်တွေ့ပိုင်းတွင်

မီတာ တိုင်းနည်း

Diagram ဖတ်နည်း

Power ic , emmc , cpu ခဲလောင်း၊ ခဲဖော်ခြင်း၊ ဆားကစ်ပြားပေါ်တွင် 
အဖြစ်များသည့်  Volt အားပြတ်တောက်မူ့များအတွက် Jumper ကျော်နည်းများ

Heat gun, power supply, ခဲဂေါက်များကို ကြွမ်းကျင်စွာ အသုံးပျြုတတ်စေရန် 
သင်ကြားပေးပါသည်၊ Power supply အသုံးပြုပြီး ရှော့များရှာဖွေခြင်း၊ charging ပိုင်း၊
Backlight ပိုင်းများကို လက်တွေ့ပေါင်းစပ်ကာ သင်ကြားပေးခြင်းသည့်အပြင်
Power IC များ၊ EMMC IC များ၊ CPU များကိုဖြုတ်တပ်ကျွမ်းကျင်စေရန် အဓိကထားပြီးသင်ကြားပေးပါသည်။


LCD မီးလင်းပြီးရုပ်မပေါ်ခြင်း၊ LCD မီးမလင်းခြင်းများ ကို Theory ပိုင်းလက်တွေ့ပိုင်းများဖြင့် 
မိမိကိုယ်တိုင် error များကို ဖြေရှင်းနိုင် သည်ထိ သင်ကြားပေးပါသည်


#ကြိုးစားလိုစိတ်ရှိပါ တစ်နေ့ သင်အောင်မြင်မှာပါ#

#စိတ်ကူးကောင်းများ ရှိပါလျှက် ထုတ်မသုံးလျှင်အချည်းနှီးသာ#

# သင်မသေသေးသ၍ အောင်မြင်နိုင်သည်...သို့သော်.. ကြိုးစားပါမှ...


အသေးစိတ် စုံစမ်းသိရှိလိုပါက


ဖုန်း - ၀၉၄၂၂၀၄၇၅၀-၀၉၇၉၇၇၆၁၆၅၆-၀၉၄၃၁၅၇၂၆၈ 

သင်တန်းလိပ်စာ- အမှတ် (၆၆၁-A) မြေညီထပ်၊ ပုဂံလမ်းနှင့် စစ်ကိုင်းလမ်းထောင့်၊ 
(၅) ရပ်ကွက်၊ နန္ဒ၀င်ဈေးအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။






အားလုံးကို ကျေးဇူးတင်ပါသည်


ဇူးနစ်(နည်းပညာ)
ဇူးနစ်(နည်းပညာ) မိုဘိုင်းဖုန်းပြုပြင်နည်း အတတ်သင် ရန်ကုန်သင်တန်းဖွင့်ပြီ Reviewed by ဇူးနစ် on 11:01 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.